Friday, March 29, 2019

နှစ်သစ်ဆုတောင်း

လေရူးရယ်ပွေ ၊ မိုးပြေးလေနှင့်
ပန်းပိတောက်ဝေ ၊ ရွက်ဟောင်းကြွေတဲ့
မြန်မာ့နှစ်ကူး ၊ အတာထူးတော့်မည်။
နှစ်ဟောင်းကာလ ၊ နွမ်းရယ်မကြည်
ညစ်ကြေးဟောင်းတို့ ၊ နှစ်သစ်ရယ်သို့
မဆောင်ကြည်းပဲ ၊ အတာရေနှင့်
အပြောင်ဆေးလို့ ၊ လန်းဆန်းပါစေ
ချစ်သူလေးရေ။
နွေရဲ့အပူ ၊ ထန်လွန်းလှလို့ 
နွမ်းလျှမှုတွေ ၊ အတာရေအေး
ပတ်ကာဖြမ်းလို့ ၊ အေးချမ်းပါစေ။
စိတ်ချမ်းကိုယ်သာ ၊ အေးချမ်းမှုပေါင်း
ရွှေထီးဆောင်းလို့ ၊ ဆီးကြိုးပါစေ
ထိုထိုဆုတောင်း ၊ ဒီမောင်တစ်ယောက်
နှစ်သစ်စကား ၊ အကြိုပါးလိုက်ပါ၏
ချစ်သူလေးရယ်။

No comments:

Post a Comment