Tuesday, October 16, 2018

နှလုံးသားရထား



ရင်ခုန်နှုန်းသံ ၊ ညံမစဲတဲ့
နှလုံးရထား ၊ အမြဲတမ်းပဲ
ခုတ်မောင်းနေ၏ ။
သမဏိလို ၊ မာကျောနေပြီး
ရေခဲပမာ ၊ အေးစပ်နေတဲ့
နှလုံးသားဟာ ၊ မင်းနဲ့တွေ့မှ 
ဖယောင်းပမာ ၊ အရည်ပျော်ပြီ။
နှလုံးသားထဲ ၊ စူးရှဝင်ရောက်
ဖောက်ထွင်းထားတဲ့ ၊ မြှားလေးတစ်ချောင်း
ကြားလေသွေးကြောင့် ၊ မနှုတ်ပါနှင့်
အမြဲတမ်းပဲ ၊ သိမ်းထားပါရစေ
ချစ်သူ။

1 comment: