Saturday, October 13, 2018

စိုးရိမ်တေး



အုပ်ညို့မှိုင်းကာ ၊ မျက်နှာညိုလို့
ရန်ညိုးရယ်ကြောင့် ၊ သွန်းလေမလား
မရွာပါနှင့် ၊ မိုးမင်းကြီးရယ်
ဒီအချိန်ဆို ၊ ကျွန်တော့်ချစ်သူ
ပြန်လာချိန်မို့ ၊ စိုနေရော့မယ်။

ကမ္ဘာခွင်ကို ၊ ရန်သူလေလား
မှတ်ကျောက်ကာလို့ ၊ တိုက်ပွဲသဖွယ်
ပစ်နေရော့လား ၊ သိကြားမင်းရယ်
တဒိန်းခြုံးသံ ၊ ပစ်ခတ်သံကြောင့်
အိမ်တွင်းပုန်းအောင် ၊ ချစ်သူလေးမှာ
လန့်နေရော့မယ်။
ဖိုးဖိုးသိကြားမင်းရယ်။

2 comments:

  1. မနိုးပါစေနဲ့မိုးရယ် သီချင်းလေးဆိုပြချင်ပါတယ်ခင်ဗျာ😜😜

    ReplyDelete
    Replies
    1. မင်းအသံဆိုးကြီးနဲ့ မနှိပ်စက်ပါနဲ့ကွာ

      Delete