Monday, October 22, 2018

ရွက်လှေကလေး


ကမ်းမမြင် ၊ခေါ်လို့မကြား
ဒီလှိုင်းကထန် ၊ မုန်တိုင်းကြမ်းသည့်
သမုဒ္ဒရာ ၊ ရေပြင်ထက်မှ
လူးလိမ့်ကာ ၊ လှိုင်းလေကြားမှာ
ရွက်လှေကလေး ၊ သွားလာနေ။
လှိုင်းဒဏ်ကြား ၊ တက်ရယ်မစုံ
မုန်တိုင်းလည်းထန် ၊ ရွက်တိုင်ကတော့် 
မခံနိုင်ပြီ ။

မုန်တိုင်းဒဏ် ၊ လှိုင်းဒဏ်ကို 
အားပြိုင်ကာလို့ ၊ ဟိုတစ်ဖက်ကမ်း
အရောက်လှမ်းမည့် ၊ ရွက်လှေကလေး။
သစ္စာတော် ၊ အလံဖြူနှင့်
တစ်ဖက်ကမ်းက ၊ ဆိပ်ကမ်းကလေး
ဆီးကြိုနေမှာလား။

မျှော်လင့်ချက်ကို ၊ အားပြုပါလို့
ဒီလှိုင်းကထန် ၊ မုန်တိုင်းကကြမ်း
ကြောက်ခမ်းလိလိ ၊ ရေအလျှင်
မကြောက်ပါ ၊ အရောက်လှမ်းမည်
ဆိပ်ကမ်းကလေး ၊ မျှော်နေမလား။

No comments:

Post a Comment