Thursday, October 11, 2018

လရောင်အချစ်



ပူလောင်ကင်း၍ ၊ ဖြာလျှက်ကြည်စွာ 
လင်းရောင်ပေးစွမ်း၊ သွားရာခလုတ်
မတိုက်စေငှာ ၊ လမင်းစန္ဒာ
ပေးစွမ်းပေသည်။
နှလုံးသားတွင် ၊တည်လျှက်ဖြူစွာ 
အချစ်လမ်းလေး ၊ ဖြောင့်ဖြူးစေဖို့
မောင့်ရဲ့အချစ် ၊ ပေးစွမ်းပေ၏။

သို့ပင်သော်ငြား
မြို့ပြလမ်းထက် ၊ လမ်းလျှောက်လေသူ
လျှပ်စစ်မီးအောက် ၊ စန္ဒာရောင်လင်း 
မဖောက်နိုင်ရာ။
မော်ပင်မကြည့် ၊ ရောင်ခြယ်မီးအောက်
လျှောက်လမ်းလေသူ ၊ စန္ဒာရောင်ကို 
တွေ့မိလေမလား ။

ပကာသန ၊ ဂိုဏ်ရှိန်ဝါကြား
လောဘငွေနှင့် ၊ အချစ်စစ်ကို
မတွေ့နိုင်ပါ။

အရောင်မပါ ၊ ဖြူစင်အေးမြ 
မောင့်အချစ်ကို ၊ စန္ဒာရောင်လင်း 
နှိုင်းတုရာပင် ၊ မင်းလေးအတွက် 
ကမ္ဘာတည်သရွှေ့၊ချစ်နေအုံးမည်။

မပျက်အမြဲ ၊ တွဲလက်တို့ဖြင့်
သွားရာလမ်းလေး ၊ ဖြောင့်တန်းစေဖို့
မင်းလေးအတွက် ၊ လင်းရောင်အမြဲ
ပေးစွမ်းနေမည်။

No comments:

Post a Comment