Thursday, December 31, 2020

# Pome

နှစ်သစ်ဆုတောင်း၂၀၂၁



မြောက်လေမြူးလို့၊ ချမ်းအေးလှသည့်

ဟေမာန်ချိန်ခါ ၊ ဒီလိုအချိန်ဝယ်

ကောင်ယံခွင်ထက်၊ စန္ဒာမင်းနှင့်

ကြယ်တံခွန်ပြိုင်၊ တိမ်စိုင်အချို့ရယ်နှင့်

ငွေနှင်းမှုန်တို့ ၊ အရောက်ဆင်းကြပြီ။


ဆောင်းနှင်းမြူပမာ၊ ကြည်အေးလှ့သည့်

အသွင်ပြင်နှင့် လူ့ပြည်ရွာသို့

နတ်မိတ်မယ်လေး သက်ဆင်းသည့်အလား

အေးချမ်းလှသည့် မောင့်ချစ်လေးရေ


မကောင်းတာဝေး ၊ ကောင်းတာပေးမယ့်

နှစ်သစ်ချိန်ခါ ၂၀၂၁ မှာဝယ်

သာယာမှုအပေါင်း ၊ ခဝယ်ညှောင်းလို့

အေးချမ်းပါစေ၊ စိတ်ချမ်းကိုယ်မာ

လိုရာ ပြည့်နိုင်စေပါစေလို့

စန္ဒာမင်းမှတဆင့် ၊ အမှာတော်ပါး

ဆုတောင်းပဓာနာ ခြွေလိုက်ပါလေ၏


Infinity ရက်ရက်။။

{ခွန်ပေႏ}

No comments:

Post a Comment