Friday, April 17, 2020

ပျော်ရွှင်ပါစေ


မြူမှုန်တစ်စက် ၊ လေတစ်ဝေ့မှာ
အပြုံးတစ်ချက် ၊ မြင်သည့်ကျွန်တော်
တစ်ဆင့်မျက်လုံး ၊ နှလုံးထိအောင်
စူးရှဝင်ရောက် ၊ ဖယောင်းပမှာ
အရည်ပျော်သွားပြီ တကား။

ညယံမိုးထက် ၊ ကြယ်ပွင့်ပမာ
ရွှင်ရွှင်ဝင်းသည့် ၊ အကြည့်မျက်လုံး
သက်တန့်ပမာ ၊ လေးကိုင်းသဏ္ဍာန်
နှုတ်ခမ်းစုံနှင့် ၊ တံခွန်ရေသွယ်
စင်းလျှက်လှသည့် ၊ နှာတံလေးတို့
ပေါင်းစုဆုံလျှက် ၊ အပြုံးမျက်နှာ
"မူႏ" အသွင်ပါ။

ကောင်းယံတစ်ခွင် 
ကြယ်လနှင့်တိမ် ၊ အပြိုင်ကြဲအောင်
လှဆောင်နေသည့် ၊ ဟေမာန်တန်ခူး
အလှထူးသည့် ၊ ချစ်ရတဲ့သူ
မူႏနဲ့ပင် ပြိုင်နေသည့်အလား။
နစ်ဟောင်းကုန်လို့ ၊နှစ်သစ်ဆောင်သည့်
ဆန်း ၁ ရက်နေ့မှာ
ချစ်ရတဲ့သူ ၊ မူႏတစ်ယောက်
ပျော်ရွှင်ကျန်းမာပါစေသား
မင်္ဂလာ အပေါင်း ၊ ခပင်ညောင်းစေသည့်
နှစ်သစ်လေးပါ ၊ ချစ်ရတဲ့
ခွန်ပေႏရက်ရက် မူႏ။

No comments:

Post a Comment