Thursday, December 31, 2020

နှစ်သစ်ဆုတောင်း၂၀၂၁

December 31, 2020 0 Comments


မြောက်လေမြူးလို့၊ ချမ်းအေးလှသည့်

ဟေမာန်ချိန်ခါ ၊ ဒီလိုအချိန်ဝယ်

ကောင်ယံခွင်ထက်၊ စန္ဒာမင်းနှင့်

ကြယ်တံခွန်ပြိုင်၊ တိမ်စိုင်အချို့ရယ်နှင့်

ငွေနှင်းမှုန်တို့ ၊ အရောက်ဆင်းကြပြီ။


ဆောင်းနှင်းမြူပမာ၊ ကြည်အေးလှ့သည့်

အသွင်ပြင်နှင့် လူ့ပြည်ရွာသို့

နတ်မိတ်မယ်လေး သက်ဆင်းသည့်အလား

အေးချမ်းလှသည့် မောင့်ချစ်လေးရေ


မကောင်းတာဝေး ၊ ကောင်းတာပေးမယ့်

နှစ်သစ်ချိန်ခါ ၂၀၂၁ မှာဝယ်

သာယာမှုအပေါင်း ၊ ခဝယ်ညှောင်းလို့

အေးချမ်းပါစေ၊ စိတ်ချမ်းကိုယ်မာ

လိုရာ ပြည့်နိုင်စေပါစေလို့

စန္ဒာမင်းမှတဆင့် ၊ အမှာတော်ပါး

ဆုတောင်းပဓာနာ ခြွေလိုက်ပါလေ၏


Infinity ရက်ရက်။။

{ခွန်ပေႏ}

Friday, October 9, 2020

မွေးနေ့ချိန်ခါ

October 09, 2020 0 Comments


ရွှေရောင်ဝင်းဝင်း ၊ လယ်ကွင်းတွေနှင့်
ရွှေတွေသီတဲ့ ၊ စပါးတို့ဝေချန်
လတော်သလင်းချိန်ခါလေးမှာ
ခရီးလမ်းမဖြောင့် ၊ ကိုဗစ်တမောက်မို့
သွားလာခက်ခဲ ၊ နီးလေဝေးလျှက်မို့
ချစ်တဲ့သူလေး ၊မွေးနေချိန်ခါ
မလာနိုင် မလုပ်ပေးနိုင်မို့
စိတ်မဆိုးလေနှင့် ချစ်တဲ့သူရေ
နေ့ရယ် လရယ် ရက်ရယ်တွေက
လူတွေ မှတ်ချက် သက်မှတ်ချက်တွေမို့
ကိုယ်တိုအကြောင်း ကိုယ်တိုင်သတ်မှတ်မယ် 
နေ့ရက်အချိန်တိုင်း ကိုယ်တို့အတွက်
နေ့မြတ်ရယ်လို့ တွေးလေပြီးတော့်
ပျော်ရွင်ဖွယ်ရာ ချစ်အိမ်ကလေး
တည်ဆောက်ကြမယ်
မိုးလေးတဖြူးဖြူး
လတော်သလင်း ၊ မွေးနေ့ချိန်ခါမှာ
သာယာမြူးတူး ၊ အချိန်ထူးတွေမို့
ကျန်မာမှုအပေါင်း ၊အေးချမ်းမှုညောင်းတဲ့
မွေးနေ့အချိန်ခါလေးပါ
ခွန်ပေႏ ရက်ရက်
ရက်ငါႏသေႏသေႏနော်

Friday, April 17, 2020

ပျော်ရွှင်ပါစေ

April 17, 2020 0 Comments

မြူမှုန်တစ်စက် ၊ လေတစ်ဝေ့မှာ
အပြုံးတစ်ချက် ၊ မြင်သည့်ကျွန်တော်
တစ်ဆင့်မျက်လုံး ၊ နှလုံးထိအောင်
စူးရှဝင်ရောက် ၊ ဖယောင်းပမှာ
အရည်ပျော်သွားပြီ တကား။

ညယံမိုးထက် ၊ ကြယ်ပွင့်ပမာ
ရွှင်ရွှင်ဝင်းသည့် ၊ အကြည့်မျက်လုံး
သက်တန့်ပမာ ၊ လေးကိုင်းသဏ္ဍာန်
နှုတ်ခမ်းစုံနှင့် ၊ တံခွန်ရေသွယ်
စင်းလျှက်လှသည့် ၊ နှာတံလေးတို့
ပေါင်းစုဆုံလျှက် ၊ အပြုံးမျက်နှာ
"မူႏ" အသွင်ပါ။

ကောင်းယံတစ်ခွင် 
ကြယ်လနှင့်တိမ် ၊ အပြိုင်ကြဲအောင်
လှဆောင်နေသည့် ၊ ဟေမာန်တန်ခူး
အလှထူးသည့် ၊ ချစ်ရတဲ့သူ
မူႏနဲ့ပင် ပြိုင်နေသည့်အလား။
နစ်ဟောင်းကုန်လို့ ၊နှစ်သစ်ဆောင်သည့်
ဆန်း ၁ ရက်နေ့မှာ
ချစ်ရတဲ့သူ ၊ မူႏတစ်ယောက်
ပျော်ရွှင်ကျန်းမာပါစေသား
မင်္ဂလာ အပေါင်း ၊ ခပင်ညောင်းစေသည့်
နှစ်သစ်လေးပါ ၊ ချစ်ရတဲ့
ခွန်ပေႏရက်ရက် မူႏ။

Tuesday, April 16, 2019

ဗွမ်း

April 16, 2019 0 Comments
 

ခါတော်မီ နှစ်သစ်ကူးမှာ
အမှာတော်ပါးလို့
ကြင်လင်အေးမျှပါစေကြောင်းလို့
ဆုမွန်ကောင်းတောင်းလို့
အစလေးချီ ၊ စာသံလေသံ
ကဗျာလေးပါးလိုက်ပါတယ်
ပူပြင်းလွန်းတဲ့ ၊ ဂိန်မာန်ကာလ
အပူတို့အား ၊ အတာရေလောင်းလို့
အေးမျှစေ၍
ရင်တွင်းအပူ ၊ ရင်းတွင်းရေအေး
ပတ်ဖျန်းပေး၍ အေးမျှစေလို
အချိန်ရယ်မအားလို့
စာမပြန်ဖုန်းမထွက်လို့
စိတ်ညိုနေရင် သိကြားမင်းကြီး
ဆေးကလောင်တံဖြင့် ၊ ဒီနှမငယ်
အပူကြီးလှဘိလို့ ၊ ပေလွှာထက်
မှတ်တမ်းတင်းရော့မယ်
အတာရေနှင့်အတူ
ဒီမောင်ရင်ထဲ ရေခဲရေဖြင့်
ပတ်ဖျန်းပေးရင်း
နှစ်သစ်မှာ ပျော် ရွှင် အေးချမ်ပါစေ
ချစ်ရတဲ့သူရေ။
ဗွမ်း ဗွမ်း.....

Friday, March 29, 2019

နှစ်သစ်ဆုတောင်း

March 29, 2019 0 Comments
လေရူးရယ်ပွေ ၊ မိုးပြေးလေနှင့်
ပန်းပိတောက်ဝေ ၊ ရွက်ဟောင်းကြွေတဲ့
မြန်မာ့နှစ်ကူး ၊ အတာထူးတော့်မည်။
နှစ်ဟောင်းကာလ ၊ နွမ်းရယ်မကြည်
ညစ်ကြေးဟောင်းတို့ ၊ နှစ်သစ်ရယ်သို့
မဆောင်ကြည်းပဲ ၊ အတာရေနှင့်
အပြောင်ဆေးလို့ ၊ လန်းဆန်းပါစေ
ချစ်သူလေးရေ။
နွေရဲ့အပူ ၊ ထန်လွန်းလှလို့ 
နွမ်းလျှမှုတွေ ၊ အတာရေအေး
ပတ်ကာဖြမ်းလို့ ၊ အေးချမ်းပါစေ။
စိတ်ချမ်းကိုယ်သာ ၊ အေးချမ်းမှုပေါင်း
ရွှေထီးဆောင်းလို့ ၊ ဆီးကြိုးပါစေ
ထိုထိုဆုတောင်း ၊ ဒီမောင်တစ်ယောက်
နှစ်သစ်စကား ၊ အကြိုပါးလိုက်ပါ၏
ချစ်သူလေးရယ်။

Sunday, November 4, 2018

မချမ်းနိုင်

November 04, 2018 0 Comments


နှင်းမြူသွယ်တဲ့ ၊ ဟေမာန်ရာသီ
အေးချမ်းလှတဲ့ ၊ ဆောင်းတွင်းချိန်ဝယ်
တူနှစ်ကိုယ်မှာ ၊ ရင်ငွေ့နွေးနွေး
ပြန်လှန်ပေး၍ ၊ မချမ်းနိုင်ပါ
နှစ်ကိုယ်ရယ်တူ ၊ မျက်နှာချင်းအပ်
အကြည့်တွေက ၊ ဘယ်ခါမစိမ်း
အမြဲလိုလို ၊ ရင်တွင်းရထား
ခုတ်မောင်းလျှက်ပင်။

Monday, October 22, 2018

ရွက်လှေကလေး

October 22, 2018 0 Comments

ကမ်းမမြင် ၊ခေါ်လို့မကြား
ဒီလှိုင်းကထန် ၊ မုန်တိုင်းကြမ်းသည့်
သမုဒ္ဒရာ ၊ ရေပြင်ထက်မှ
လူးလိမ့်ကာ ၊ လှိုင်းလေကြားမှာ
ရွက်လှေကလေး ၊ သွားလာနေ။
လှိုင်းဒဏ်ကြား ၊ တက်ရယ်မစုံ
မုန်တိုင်းလည်းထန် ၊ ရွက်တိုင်ကတော့် 
မခံနိုင်ပြီ ။

မုန်တိုင်းဒဏ် ၊ လှိုင်းဒဏ်ကို 
အားပြိုင်ကာလို့ ၊ ဟိုတစ်ဖက်ကမ်း
အရောက်လှမ်းမည့် ၊ ရွက်လှေကလေး။
သစ္စာတော် ၊ အလံဖြူနှင့်
တစ်ဖက်ကမ်းက ၊ ဆိပ်ကမ်းကလေး
ဆီးကြိုနေမှာလား။

မျှော်လင့်ချက်ကို ၊ အားပြုပါလို့
ဒီလှိုင်းကထန် ၊ မုန်တိုင်းကကြမ်း
ကြောက်ခမ်းလိလိ ၊ ရေအလျှင်
မကြောက်ပါ ၊ အရောက်လှမ်းမည်
ဆိပ်ကမ်းကလေး ၊ မျှော်နေမလား။