Sunday, November 4, 2018

မချမ်းနိုင်

November 04, 2018 0 Comments


နှင်းမြူသွယ်တဲ့ ၊ ဟေမာန်ရာသီ
အေးချမ်းလှတဲ့ ၊ ဆောင်းတွင်းချိန်ဝယ်
တူနှစ်ကိုယ်မှာ ၊ ရင်ငွေ့နွေးနွေး
ပြန်လှန်ပေး၍ ၊ မချမ်းနိုင်ပါ
နှစ်ကိုယ်ရယ်တူ ၊ မျက်နှာချင်းအပ်
အကြည့်တွေက ၊ ဘယ်ခါမစိမ်း
အမြဲလိုလို ၊ ရင်တွင်းရထား
ခုတ်မောင်းလျှက်ပင်။

Monday, October 22, 2018

ရွက်လှေကလေး

October 22, 2018 0 Comments

ကမ်းမမြင် ၊ခေါ်လို့မကြား
ဒီလှိုင်းကထန် ၊ မုန်တိုင်းကြမ်းသည့်
သမုဒ္ဒရာ ၊ ရေပြင်ထက်မှ
လူးလိမ့်ကာ ၊ လှိုင်းလေကြားမှာ
ရွက်လှေကလေး ၊ သွားလာနေ။
လှိုင်းဒဏ်ကြား ၊ တက်ရယ်မစုံ
မုန်တိုင်းလည်းထန် ၊ ရွက်တိုင်ကတော့် 
မခံနိုင်ပြီ ။

မုန်တိုင်းဒဏ် ၊ လှိုင်းဒဏ်ကို 
အားပြိုင်ကာလို့ ၊ ဟိုတစ်ဖက်ကမ်း
အရောက်လှမ်းမည့် ၊ ရွက်လှေကလေး။
သစ္စာတော် ၊ အလံဖြူနှင့်
တစ်ဖက်ကမ်းက ၊ ဆိပ်ကမ်းကလေး
ဆီးကြိုနေမှာလား။

မျှော်လင့်ချက်ကို ၊ အားပြုပါလို့
ဒီလှိုင်းကထန် ၊ မုန်တိုင်းကကြမ်း
ကြောက်ခမ်းလိလိ ၊ ရေအလျှင်
မကြောက်ပါ ၊ အရောက်လှမ်းမည်
ဆိပ်ကမ်းကလေး ၊ မျှော်နေမလား။

Tuesday, October 16, 2018

နှလုံးသားရထား

October 16, 2018 1 Comments


ရင်ခုန်နှုန်းသံ ၊ ညံမစဲတဲ့
နှလုံးရထား ၊ အမြဲတမ်းပဲ
ခုတ်မောင်းနေ၏ ။
သမဏိလို ၊ မာကျောနေပြီး
ရေခဲပမာ ၊ အေးစပ်နေတဲ့
နှလုံးသားဟာ ၊ မင်းနဲ့တွေ့မှ 
ဖယောင်းပမာ ၊ အရည်ပျော်ပြီ။
နှလုံးသားထဲ ၊ စူးရှဝင်ရောက်
ဖောက်ထွင်းထားတဲ့ ၊ မြှားလေးတစ်ချောင်း
ကြားလေသွေးကြောင့် ၊ မနှုတ်ပါနှင့်
အမြဲတမ်းပဲ ၊ သိမ်းထားပါရစေ
ချစ်သူ။

Saturday, October 13, 2018

စိုးရိမ်တေး

October 13, 2018 2 Comments


အုပ်ညို့မှိုင်းကာ ၊ မျက်နှာညိုလို့
ရန်ညိုးရယ်ကြောင့် ၊ သွန်းလေမလား
မရွာပါနှင့် ၊ မိုးမင်းကြီးရယ်
ဒီအချိန်ဆို ၊ ကျွန်တော့်ချစ်သူ
ပြန်လာချိန်မို့ ၊ စိုနေရော့မယ်။

ကမ္ဘာခွင်ကို ၊ ရန်သူလေလား
မှတ်ကျောက်ကာလို့ ၊ တိုက်ပွဲသဖွယ်
ပစ်နေရော့လား ၊ သိကြားမင်းရယ်
တဒိန်းခြုံးသံ ၊ ပစ်ခတ်သံကြောင့်
အိမ်တွင်းပုန်းအောင် ၊ ချစ်သူလေးမှာ
လန့်နေရော့မယ်။
ဖိုးဖိုးသိကြားမင်းရယ်။

Thursday, October 11, 2018

လရောင်အချစ်

October 11, 2018 0 Comments


ပူလောင်ကင်း၍ ၊ ဖြာလျှက်ကြည်စွာ 
လင်းရောင်ပေးစွမ်း၊ သွားရာခလုတ်
မတိုက်စေငှာ ၊ လမင်းစန္ဒာ
ပေးစွမ်းပေသည်။
နှလုံးသားတွင် ၊တည်လျှက်ဖြူစွာ 
အချစ်လမ်းလေး ၊ ဖြောင့်ဖြူးစေဖို့
မောင့်ရဲ့အချစ် ၊ ပေးစွမ်းပေ၏။

သို့ပင်သော်ငြား
မြို့ပြလမ်းထက် ၊ လမ်းလျှောက်လေသူ
လျှပ်စစ်မီးအောက် ၊ စန္ဒာရောင်လင်း 
မဖောက်နိုင်ရာ။
မော်ပင်မကြည့် ၊ ရောင်ခြယ်မီးအောက်
လျှောက်လမ်းလေသူ ၊ စန္ဒာရောင်ကို 
တွေ့မိလေမလား ။

ပကာသန ၊ ဂိုဏ်ရှိန်ဝါကြား
လောဘငွေနှင့် ၊ အချစ်စစ်ကို
မတွေ့နိုင်ပါ။

အရောင်မပါ ၊ ဖြူစင်အေးမြ 
မောင့်အချစ်ကို ၊ စန္ဒာရောင်လင်း 
နှိုင်းတုရာပင် ၊ မင်းလေးအတွက် 
ကမ္ဘာတည်သရွှေ့၊ချစ်နေအုံးမည်။

မပျက်အမြဲ ၊ တွဲလက်တို့ဖြင့်
သွားရာလမ်းလေး ၊ ဖြောင့်တန်းစေဖို့
မင်းလေးအတွက် ၊ လင်းရောင်အမြဲ
ပေးစွမ်းနေမည်။

Friday, September 28, 2018

မောင့်ညိုချော

September 28, 2018 0 Comments

အသားရောင်သွင် ၊ မဖြူလေလို့
စိတ်မညိုးနှင့်
ဖြူမှချောတယ် ၊ မဆိုထားနှင့်
ညိုချောရယ်လို့ ၊ စာတင်ဖွဲ့တဲ့
စာဆိုကျော်တွေ ၊ အများသား။
ထိုထိုညိုချော ၊ မမရယ်ကို
ဒီမောင့်တစ်ယောက် ၊ အပြောမဟုတ်
စိတ်ထဲ ငင်တယ် ၊ မောင်ရဲ့ညိုချော
ချစ်သူလေးရယ်။

Wednesday, September 26, 2018

သံတော်စကား

September 26, 2018 1 Comments


သံတော်စကား

အလင်းဖြာဖြာ ၊ ကြည်စင်ဖြူဝင်း
လင်းရောင်ပေးစွမ်း ၊ တမန်တော်ကြီး
စန္ဒာမင်းရေ။
အသည်းနှလုံး ၊ လုံးစုံအပ်လို့
ဘယ်ခါမနှင်း ၊ အမြဲချစ်လို့
ပစ်လျှက်မသွား ၊ ချစ်လျှက်ထားမည့်
သံတော်စကား ၊ ဆင့်ကြားပေးပါ
လမင်းကြီးရေ။

Sunday, September 23, 2018

ချစ်မိနေပြီ

September 23, 2018 0 Comments


ချစ်မိနေပြီ

နှလုံးသားဝယ် ၊ ဘယ်ခါမပျက်
စွဲမြဲစဉ်ဆိုက် ၊ သိမ်းထားလျှက်ပါ။
မဖြုတ်အမြဲ ၊ တွဲလက်တို့နှင့်
တစ်ဘဝစာ ၊ ထပ်လောင်းပေး၍ 
ချစ်မိနေပြီ
ဆရာမလေးရေ။

Friday, September 21, 2018

ရက်ငါႏသေႏသေႏ

September 21, 2018 0 Comments

ရက်ငါႏသေႏသေႏ


မှိုင်းအုံ့စင်လို့ ၊ ကြည်စင်ဖြူလင်း
ကြယ်ပွင့်လေးနှင့် ၊ စန္ဒာလမင်း
အပြိုင်လင်းလို့ ၊ သာလင်းဒီည။
ပန်းရနံ့ဂုံ ၊အပြိုင်စုံလို့
မွေးလွန်းရယ်နှင့် ၊ စိတ်ဝယ်ကြည်လင်း
အေးချမ်းသာယာ ၊ ညသာယာပေါ့။
အရောင်မပါ ၊ ဖြူထည်စင်ပြီး
ပန်းရံနံလို့ ၊ မွေးနေစေမည့်
မောင့်ရဲ့အချစ် ၊ ဆရာႏမူႏအား
နှလုံးအပ်လို့ ၊ အပိုင်အပ်ပြီ
ကျွန်တော့် ဆရာမလေး
ရက်ငါႏသေႏသေႏ ဆရာႏမူႏပေႏ။

Thursday, September 20, 2018

Wednesday, September 19, 2018

ကျွန်တော့်ဆရာမလေး

September 19, 2018 0 Comments

ခေါင်းလေင်းထိုးသံ၊တညံညံနင့်
ပြုံးရယ်ရွင်ကာ၊ အဖြူနှင့်စိမ်း
ဆင်ကာမြန်းလို့
 ပပဝတီ ၊ ငိုနိုင်ရိုးရဲ့
ပင်မြင့်ထက်မှ ၊ သဇင်လေလား
ခြေတစ်လှမ်းနဲ့ ၊ ကုဋေတသန်း
မလဲနိုင်တဲ့ ၊ ဣန္ဒြေ ရှင်ဆရာမလေး
ရွာလယ်လမ်းတိုင်း ၊‌လျှောက်ကာလှမ်းလို့
ဆရာမလေး ၊ လာနေပါပြီ
ရွာမူလွန်က ၊ ဆရာမလေး